ဒီးမော့ဆို သြဂုတ် ၂၁
တောင်သူများ လယ်ယာသုံး စက်ကိရိယာ စနစ်တကျ ကိုင်တွယ်မောင်းနှင်တတ်စေရန်နှင့် ထိန်းသိမ်းကြံခိုင်မှု ဆောင်ရွက်နိုင် စေရန် ရည်ရွယ် ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၀) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ဒီးမော့ဆိုမြို့နယ် အမှတ်(၈၆) စက်မှု လယ်ယာစခန်း(ခွဲ)တွင် ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် စက်မှုလယ်ယာဦးစီးဌာန လွိုင်ကော်မြို့နယ် ဦးစီးဌာနမှူး ဦးဇော်လင်းက သင်တန်းသားများ အနေဖြင့် သင်တန်း ကာလအတွင်း လေ့လာသင်ကြားခဲ့မှုများကို မိမိတို့၏ ဒေသကျေးရွာများတွင် အကျိုးရှိစွာ ပြန်လည်အသုံးချ ကြရန်နှင့် ပတ်ဝန်းကျင်ရှိ တောင်သူများကိုလည်း လက်ဆင့်ကမ်းသင်ကြားပေးနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး သင်တန်း တက်ရောက် သင်ကြားပြီးမြောက်ခဲ့ကြသည့် သင်တန်းသား တောင်သူ(၂၀)ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တောင်သူ (၂၀) ဦး တက်ရောက်ကြပြီး ထွန်စက်နှင့် ထွန်ယက်ကိရိယာများ ထိန်းသိမ်းမှု၊ စပါးရိတ်သိမ်းခြွေလှေ့စက်နှင့် လက်တွန်းထွန်စက်များ မောင်းနှင်ပြုပြင် ထိန်းသိမ်းမှုတို့ကို စာတွေ့၊ လက်တွေ့ဖြင့် (၁၀)ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ကြီးဒဲရယ်