ထန်းတပင် (ပဲခူး) ဩဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ခြံကြီးကျေးရွာ ခြံကြီးအရှေ့တောင်အတွင်းရှိ တောင်သူ များအား စွန့်လွှတ် မြေပုံစံ (၇) ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေက စွန့်လွှတ်မြေပုံစံ(၇)ထုတ်ပေးရခြင်းနှင့်လယ်ယာ မြေဥပဒေအရ တောင်သူလယ်သမားများ၏ အခွင့်အရေး တစ်ရပ် ဖြစ်သော လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်များကို ထန်းတပင်မြို့နယ် ခြံကြီးအရှေ့တောင် အတွင်းရှိ စိုက်ပျိုးလုပ်ကိုင် နေကြ သော တောင်သူလယ်သမား (၃၄)ဦးနှင့် ဦးပိုင်အုပ်စုမှ( ၅၀ )ဦးတို့၏ မြေဧရိယာ ၁၆၂ ဒသမ ၇၃ ဧကအတွက် စွန့်လွှတ်မြေပုံစံ (၇ ) ထုတ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စွန့်လွှတ်မြေပုံစံ ပုံစံ (၇)ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်ဦးစီးဌာန ဦးစီးမှူး ဦးမင်းဦးနှင့် တက်ရောက်လာသော ဌာနဆိုင်ရာများမှ တောင်သူ လယ်သမားများ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်း(ပြန်/ဆက်)