ဗန်း‌မောက်မြို့၌ လူမှုရေးရာအသိပညာပေးသင်တန်းဖွင့်လှစ်

ဗန်းမေက် သြဂုတ် ၂၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် လူမှုရေးရာ အသိပညာပေးသင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းက အမှာစကားပြောကြားပြီး ကသာခရိုင် လူမှု ဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်အေးမော်က ရှေးဦးအရွယ်က‌လေး သူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး‌ရေးဆိုင်ရာ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ကလေးသူငယ် အခွင့်အရေးများ၊ လူမှုရေးရာ ဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်များ၊ အမျိုးသမီးအခွင့်အရေး များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးအသိပညာများ၊ သက်ကြီး ရွယ်အိုဆိုင်ရာ ဥပဒေများ၊ ကလေးအခြေခံမူ (၄)ရပ်ဖြစ်သည့် အသက် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်များ၊ သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ လူမှုရေးရာ အသိပညာပေးသင်တန်းကို ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်အေးမော်နှင့် ဝန်ထမ်းများက စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း ဗန်းမောက် မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်‌ရေးမှူးများနှင့် ဆယ်အိမ်မှူးများ၊ မူကြိုဆရာမများ စုစုပေါင်း(၅၁)ဦး တက်ရောက်ရောက်ကြပြီး သင်တန်းကာလမှာ တစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စွာ(ဗန်းမာက်)