မော်လမြိုင် သြဂုတ် ၂၁
မွန်ပြည်နယ် မော်လမြိုင်(၁၀)မြို့နယ်ဆောင်ရှိ Community Based Facility Quarantine ဝင်ရောက် နေသူများထဲမှ (၁၄၇)ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ယမန်နေ့ နေ့လယ်က ပြုလုပ် ဆောင်ရွက်ရာ Community Based Facility Quarantine ကွပ်ကဲရေး တာဝန်ရှိသူများ ကျန်းမာရေး ဌာနဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဘိုဘိုဝင်း(Rescue) အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့သားများ ကူညီဆောင်ရွက် ကြောင်း သိရသည်။
Quarantine ဝင်ရောက်လာသူများကို ရက်သတ္တတစ်ပတ်အတွင်း အပူချိန်စစ်ဆေးခြင်း၊ အာခေါင် တို့ဖတ်၊ နှာခေါင်းတို့ဖတ် နမူနာယူ၍ ပြည်သူကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာန (PHL Mawlamyine) ပေးပို့၍ ရောဂါပိုး ရှိ/မရှိ တစ်ကြိမ်စစ်ဆေးပေးသွားမည်ဖြစ်ပြီး ရောဂါပိုးမတွေ့ရှိ ပါက သက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းပေးပြီး မြို့နယ်များမှ (၂၁)ရက် ကန့်သတ်စောင့်ကြည့်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မေလ(၁) ရက်နေ့ မှ ယနေ့အထိ ပြည်ပနိုင်ငံအသီးသီးမှ နေရပ်ပြန်လာသူပေါင်း (၁၁၃၉၆)ဦး ရှိပြီးဖြစ် ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)