လပွတ္တာ၌ လူရည်ချွန် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

လပွတ္တာ  သြဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်  ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် လူရည်ချွန် ကျောင်းသား ၊ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲကို လပွတ္တာမြို့ အ.ထ.က - ၃ ကျောင်း အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လပွတ္တာခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးမှ ပညာရေးဆိုင်ရာ အကြောင်းအရာများကို ပြောကြားခဲ့သည်။

ထို့နောက် လူရည်ချွန် တစ်​ယောက်ဖြစ်ဖို့ဆိုတာ စာတော်ရုံနှင့်မရပါဘူး၊ ပညာလည်းတော်ရမည်၊ ဗလငါးတန်လည်း ပြည့်စုံရမည်၊ ထိုနှစ်ချက်နှင့် ပြည့်စုံ​မှသာလျှင် လူရည်ချွန်တစ်ယောက်ဖြစ်ပါလိမ့်မည်၊ လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ နှစ်စမှ နှစ်ဆုံးထိ ပညာရေး ၊ ကျန်းမာရေး၊ ဗလငါးတန်ပြည့်စုံအောင် အားကစားရော ပြုလုပ်ပေးရမှာဖြစ်ပါတယ်၊ နောင်လာ နောင်သား ကျောင်းသား ကျောင်းသူတွေ အတုယူစေရန် ယခုလိုလူရည်ချွန်ဂုဏ်ပြုချီးမြှင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ခရိုင်ပညာရေးမှူးက ပြောကြားသည်။

ထို့နောက် လူရည်ချွန် ကျောင်းသား ၊ ကျောင်းသူများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝင်းကျော်မြင့်(လပွတ္တာခရိုင် ပြန်/ဆက်)