မင်းတုန်း ဩဂုတ် ၂၁
မင်းတုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များ တွင် ပထမ အကြိမ်ကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊(၄)၊(၄-ဂ)ဖြင့် လျှောက်ထား လာမှုများအား ပြင်ဆင် ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီကမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲများမှ တင်ပြ လျှောက်ထားလာသည့် မဲစာရင်းတွင် အမည်စာရင်းထည့်သွင်းပေးရန်ပုံစံ(၃)ဖြင့် လျှောက်ထားသူ(၃၂၉)ဦး၊ မဲစာရင်းနှင့်စပ်လျဉ်းသည့် ကန့်ကွက်လွှာပုံစံ(၄)ဖြင့်လျှောက်ထားသူ (၂၈၂)ဦး၊မဲစာရင်းနှင့် စပ်လျဉ်းသည့် ပြင်ဆင်လွှာ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ(၁၁၆)ဦးရှိပြီးမဲ စာရင်းတွင်မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက် ခြင်း၊ ပြင်ဆင်ခြင်း လုပ်ငန်းများကို ဩဂုတ်လ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အလိုက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုသက်နှင်းဝေ ထံမှ သိရသည်။
ချင်းကလေး(NRDC)