စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေစိုးရိမ်ရေမှတ်သို့ရောက်ရှိခြင်းကြောင့် လူနေအိမ်ပေါ်၌ မန်ကျည်းပင်လဲကြ

မင်းကင်း သြဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အမှတ်(၃)ရပ်ကွက်တွင် ယမန်နေ့ည ၁၁ နာရီ အချိန်က လူနေအိမ် တစ်လုံးပေါ်သို့ မန်ကျည်းပင် လဲကျခဲ့ကြောင်းသိရသည်။

အဆိုပါမန်ကျည်းပင်သည် ချင်းတွင်းမြစ်ရေ(၁၃၂၃)စင်တီမီတာ စိုးရိမ်ရေအမှတ်ရောက်ရှိခဲ့ပြီး ရေဝင်ရောက်ခြင်း၊ သက်တမ်းကြာနေပြီး အကိုင်းအခက်များခြင်းတို့ကြောင့်‌ လဲကြခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ မန်ကျည်းပင်လဲကျရာနေရာသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဦးသုတစိုး၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အပင်ကိုဖယ်ရှား ဆောင်ရွက်ခဲ့ပြီး   ပျက်စီးမှုတန်ဖိုး (၁၅) သိန်းရှိပြီး လူအသေအပျောက်မရှိကြောင်း သိရှိရသည်။

မေသက်(မင်းကင်း)