ကြာအင်းဆိပ်ကြီးမြို့ ဇမိရတနာဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသ

ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၅

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး မီးဘေးအန္တရာယ်  ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း  လုပ်ငန်းများနှင့် မီးငြိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြသမှုကို ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၅)ရပ်ကွက်ရှိ မြို့မဇမိရတနာ ဈေးအတွင်း၌ပြုလုပ်ကျင်းပသည်။

အဆိုပါမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း အသိပညာပေးခြင်းလုပ်ငန်းကို မြို့မဈေးအတွင်းရှိ ဈေးအရောင်းဆိုင်များအား မီးလောင်ပေါက်ကွဲလွယ်သော  ကန့်သတ်ပစ္စည်းများနှင့် လောင်စာဆီများ သိုလှောင်ရောင်းချခြင်းရှိမရှိ ရှောင်တခင်စစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးပြောကြားပြီး ဈေးသူ ဈေးသားများအား မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်းများကို မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များမှ ဦးစွာ လက်တွေ့သရုပ်ပြသပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ဈေးသူဈေးသားများ ကိုယ်တိုင်လက်တွေ့မီးငြိမ်းသတ်စေခဲ့ကြောင်းသိရသည်။

မျိုးမင်းဦး