ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ချမ်းအေးသာစံ     ဒီဇင်ဘာ   ၄

ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၄ ရက်နေ့က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်တွင် ပြုလုပ်ပေးခဲ့သည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝေလင်းက ဦးဆောင်ပြီး တာဝန်ရှိသူများက ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်တွင် နေထိုင်သူ (၂၁) ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်အဖြစ် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်တွင် အသက်(၁၈)နှစ်ပြည့်လာမည်သူနှင့် ၁၈ နှစ်ပြည့်ပြီးသူများအား ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ရှေ့ပိုင်း မွေးဖွားသူများအား အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကဒ်ပြားမရရှိသေးသူများ၊ အိမ်ထောင်စု လူဦးရေစာရင်းမရှိ နိုင်ငံသားစိစစ်ရေး ကဒ်ပြားမရှိသူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကဒ်ပြားတစ်မျိုးမျိုးလက်ဝယ်ရရှိရေးတို့အား သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်