မိုင်းလုံ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကားသံကို ယခုလို ကြားသိခဲ့ရပါသည်။
ကျွန်မက နန်းမွန်းမွန်း အသက်(၂၈)နှစ်၊ အလယ်ရပ်ကွက်၊ မိုင်းလုံမြို့ မှာနေပါတယ်။ မိသားစုကတော့ (၄)ယောက်ရှိပါတယ်။ မြို့မှာ ကိုဗစ်-၁၉ပိုးတွေ့လူနာ များလာပြီးနောက် ကျွန်မက ဖျားပြီးတော့ ကိုယ်လက်တွေ ကိုက်ခဲလာတာကြောင့် ကျန်းမာရေး ဌာနကိုသွားပြီး စစ်ကြည့်တော့ အဖြေက(positive)ပါ။ မိသားစုမှာ ကျွန်မကလွဲပြီးကျန်တဲ့ သူက (negative)ပါ။
ရောဂါစဖြစ်တဲ့အချိန်မှာတော့ နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲပြီး ဖျားပါတယ်။ ဆရာပေးတဲ့ဆေးတွေကို ပုံမှန်သောက်ပြီးတော့ (၅)ရက်နောက်ပိုင်း နှာစေး၊ ချောင်းဆိုး၊ ဖျားတာတွေမရှိတော့ဘူး။ Quarantine Centre မှာ ကျန်းမာရေး ဌာနက တာဝန်ရှိသူတွေ ညွှန်ကြားချက်တဲ့အတိုင်း ဆေးပုံမှန်သောက်ပါတယ်။ ကိုယ်ခံအားကောင်းလာအောင် အဟာရပြည့်မဲ့ အစားအသောက်တွေကို ပုံမှန်စားပါတယ်။ ဆရာကရေချိုးဆင်ခြင်ခိုင်းပြီး အအေးမိမခံရအောင် ဂရုစိုက်နေထိုင်သောကြောင့် Quarantine Centre မှာ (၁၄)ရက်နေပြီး အိမ်ကိုပြန်လာနိုင်ခဲ့ပါတယ်။ အိမ်ပြန်ရောက်ပေမဲ့ အောက်စီဂျင်ကတော့ မဖြုတ်ရသေးဘူး။ အိမ်မှာ(၇)ရက်နေပြီးနောက်ပိုင်း အရင်လိုပြန်ကျန်းမာလာပါတယ်။ ဒါပေမဲ့အရင်လို အလုပ်ကို ဆက်တိုက်လုပ်ရင် မောနေသေးတယ်။
ကိုဗစ်ရောဂါကို မပေါ့ဆပါနဲ့ မြန်မြန်သိပြီး မြန်မြန်ကုသမှ ရောဂါအခြေအနေမဆိုးပဲ နှာစေး၊ ချောင်းဆိုးလောက်ပဲဖြစ်ပြီး ပုံမှန်အတိုင်းသွားလာလှုပ်ရှားလို့ရမှာပါ။ ရောဂါဖြစ်နေချိန်မှာ ကိုယ်ခံအား ကောင်းအောင်နေထိုင်ပါ၊ စိတ်ဓာတ်လုံးဝမကြပါနဲ့၊ ရောဂါသက်သာ ပျောက်ကင်းပြီး Home Quarantine နေတဲ့အချိန်မှာလည်း အဟာရပြည့်ဝအောင်စားပါ၊ ရေချိုးဆင်ခြင်ပါ၊ အပင်ပန်းခံတာတွေရှောင်ကြဉ်ပါ၊ အဆုတ်ကို ပြန်လည်အားကောင်း စေမဲ့အသက်ရှူလေ့ကျင့်ခန်းကို ခကြာခဏလုပ်ပေးပါလို့ အကြုံပြု ပြောကြားခဲ့ပါတယ်။
ဇော်ဇော်(ပြန်/ဆက်)