ပြင်စလူမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်

ပြင်စလူ ဒီဇင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပြင်စလူမြို့နယ် မြေရဲစခန်းတို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရယ် အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်ဝင်းထွန်းက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ပြည်သူများသိရှိနိုင်စေရန် Online မှတစ်ဆင့် အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ဆွေးနွေးပြီး၊ ပြင်စလူမြို့ နယ်မြေရဲစခန်းမှ ဒုရဲအုပ် မျိုးမင်းဦးက မူးယစ်ဆေးဝါး အမျိုးအစားများ၊ စိတ်ကြွဆေး လတ်တလောသုံးစွဲမှု လက္ခဏာများ၊ သုံးစွဲခြင်းမှ နောက်ဆက်တွဲခံစားရမှုများ၊ ရေရှည်သုံးစွဲမှု လက္ခဏာများ၊ စိတ်ကြွဆေးအလွှဲသုံးစွဲရခြင်း အကြောင်းရင်းများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇော်ဝင်းထွန်း (ပြန်/ဆက်)