မော်လမြိုင်ကျွန်း၊ ဩဂုတ် ၂၁
မော်လမြိုင်ကျွန်းမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာတွင် ဩဂုတ် ၁၉ ရက်နေ့၌ လေပြင်းတိုက်ခတ် မှုကြောင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ရသည်။
အဆိုပါဘေးအန္တရာယ်ခံစားရသော မိသားစုထံသို့ မြန်မာနိုင်ကြက်ခြေနီအသင်းမှ ထောက်ပံ့ပေး အပ်သော Hygiene kit (1) kit, Dignity kit(1) kit, Plastic bucket (1) PCs , Rope Nylon (1) pcs, Tarpaulin (1) pcs အစရှိသော ကယ်ဆယ်ရေးပစ္စည်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေး၊ မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာလှဟန်၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးကောင်းမြတ် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့ညနေက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ ဦးနိုင်လင်းထွန်းထံမှ သိရှိရသည်။
သီတာအောင်(ပြန်ဆက်)