ကျုံ​ပျော် မြို့မ​ဈေးတွင် ​​ဈေး​ရောင်းဝယ်သူများ Mask တပ်ဆင်မှု ရှိ ၊မရှိ စစ်​ဆေး

ကျုံ​ပျော်  သြဂုတ် ၂၁

ကိုဗစ် - ၁၉ ​ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်နိုင်​ရေးအတွက် ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့ ၊ မြို့မ​​ဈေးအတွင်းရှိ ဈေး​ရောင်း/ဝယ်ကြသူများတွင် Mask များတပ်ဆင်မှု ရှိ မရှိ ​စစ်​ဆေးခြင်းကို ယနေ့တွင် ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ဈေးသည်​ လူစုလူ​ဝေး​ နေ့စဉ်များပြားသည့်​နေရာဖြစ်သည့်အတွက် ​ရောဂါကူးစက်ပြန့်ပွားမှုမရှိ​စေ​ရန် ယခုကဲ့သို့ စစ်​ဆေးမှုများကို ​ဆောင်ရွက်​နေခြင်းဖြစ်​ကြောင်း၊ လိုက်လံစစ်​ဆေးရာတွင် မြို့နယ်စည်ပင် သာယာ​ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ​ဈေးတာဝန်ရှိသူများ ပူး​ပေါင်း၍ ​​ဈေးရောင်းချသူများနှင့် ဈေးဝယ်ကြသူများတွင် Mask များတပ်ဆင်​​​ ရောင်းဝယ်​မှု ရှိ မရှိကို လှည့်လည်စစ်​ဆေးခဲ့ကြောင်း သိရသည်။


​​မြို့နယ်အတွင်းရှိ ဈေးများတွင်လည်း ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်​ရေး လမ်းညွှန်ချက်များကို လိုက်နာရန် အသိပညာ​ပေးခြင်း၊ Mask များဖြန့်​ဝေခြင်း၊ ဗီနိုင်းပိုစတာ ချိတ်ဆွဲခြင်း၊ လက်​ဆေးဘေစင်များ ထား​ရှိ​ပေးခြင်းအပြင် သားငါးတန်းများကို ​ရေ​ဆေးခြင်းနှင့် ပိုးသတ်​ဆေးဖျန်းခြင်း လုပ်ငန်းများ ကိုလည်း ​ဆောင်ရွက်​​ပေးလျက်ရှိကြောင်း သိရသည်။


​နေဝင်းမြင့်(ကျုံ​ပျော်)