ရွှေဘိုမြို့တွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ပြည်သူများအတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်ရေး တာဝန်ရှိသူမျာနှင့်တွေ့ဆုံ

ရွှေဘို  ဩဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ဝင် ဦးကျော်စိုးဗိုလ်(စစ်ကိုင်းတိုင်းဝာဝန်ခံ)မှ ပြည်သူများအတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်ရေး အတွက် ခရိုင်အတွင်းရှိ ဥပဒေအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ယနေ့နက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဝင် ဦးကျော်စိုးဗိုလ် (စစ်ကိုင်းတိုင်းဝာဝန်ခံ) မှ ပြည်သူများအတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးရာတွင် ဥပဒေအရာ၌ မျှတမှုနှင့်တန်းတူညီမျှ အခွင့် အရေးများ ရရှိစေပြီး၊ ပြစ်မှုများတွင် ဥပဒေနှင့်အညီ ခုခံချေပိုင်ခွင့်နှင့် အယူခံပိုင်ခွင့်တို့ကို ဆောင်ရွက်ရာ၌ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီ ဆောင်ရွက်ပေးရန်ပြောကြားခဲ့သည်။ ထို့နောက်ခရိုင်နှင့်မြို့နယ် ဥပဒေ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌများက လက်ရှိဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ ကြသည်။

အဆိုပါ ဥပဒေအထောက်အကူပေးရေးအဖွဲ့သည် ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးမျာ၊ ခုခံအား ကျဆင်းမှု/ကူးစက်မြန်ရောဂါခံစား နေရသူများနှင့် ဆင်းရဲနွမ်းပါး သူတို့ စွပ်စွဲခံရခြင်း၊ ထိန်းသိမ်းခံရခြင်း၊ ဖမ်းဆီးခံရခြင်း၊ တရားစွဲဆိုခံရခြင်း၊ ပြစ်ဒဏ်ချမှတ်ခံရခြင်းနှင့် အကျဉ်းချခံရခြင်းများအတွက် တရားခံဘက် ရှေ့နေ အဖြစ်ဆောင်ပေးခြင်း၊ ဥပဒေဆိုင်ရာ အသိပညာပေးခြင်းနှင့် အကြံပေးခြင်းတို့ကို ဆောင်ရွက် ပေးနေ ကြောင်း ရွှေဘိုမြို့နယ် ဥပဒေ အထောက်အကူပေးရေးအဖွဲ့ဝင် ဦးအုန်းလှိုင် (ရဲမှူးကြီး-ငြိမ်း)ထံမှ သိရ သည်။

ထွနမြင့်အောင်(ရွှေဘို)