ကန့်ဘလူ ဩဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ လမ်းမများတွင် ညပိုင်းကာလ၌ ယာဉ်အန္တရာယ် ကင်းစင်စေရန်နှင့် မြို့တွင်းလုံခြုံရေး အထောက်အကူရရှိစေရန်၊ မြို့အင်္ဂါရပ် နှင့်အညီ သာယာလှပရေးအတွက် ရည်ရွယ်၍ LED မီးလုံး (ဝပ် ၁၀၀)နှင့် မီးကိုင်း (အုပ်စုံ) ၁၀၀ ကို တပ်ဆင်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
“ဒီ မီးလုံးတွေကို စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး မြို့ပေါ် လမ်းတွေဖြစ်တဲ့ ဦးအောင်ဇေယျလမ်း၊ ဗိုလ်ချုပ်လမ်းနဲ့ GTC လမ်းတွေကို တပ်ဆင်လျက်ရှိရာမှာ မီးလုံး ၆၀ ကို တပ်ဆင်ပြီးစီးပါပြီ။ ကျန်တဲ့လမ်းတွေကိုလည်း ဆက်လက်တပ်ဆင်သွားမှာပါ” ဟု မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးစိုးလွင်က ပြောသည်။
ကန့်ဘလူ၌ လူစည်ကားရာလမ်းများတွင် LED မီးလုံးများ တပ်ဆင်ခြင်း လုပ်ငန်းကို ဩဂုတ် ၁၈ ရက်ကစတင်၍ မီးလုံး ၁၀၀ ကို တပ်ဆင်ခဲ့ရာတွင် ယနေ့ထိ မီးလုံး ၆၀ ကို တပ်ဆင်ပြီးစီးခဲ့ပြီး ကျန်လမ်းများ၌ ဆက်လက် တပ်ဆင်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)