သရက်ခရိုင် ဆင်ပေါင်ဝဲမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်အခွင့်အရေး လိုင်စင်များ အခြားနည်းဖြင့်လေလံရောင်းချပွဲကျင်းပ

ဆင်ပေါင်ဝဲ ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်၊ အရပ်ရပ် အခွင့်အရေး လိုင်စင်များ အခြားနည်းဖြင့်လေလံရောင်းချပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် စည်ပင် သာယာရေး အဖွဲ့ရုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် လေလံရောင်းချရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောသိန်းဦးက အခြားနည်းဖြင့် လေလံ ရောင်းချခြင်းနှင့် ပတ်သက်၍ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များကို ရှင်းလင်းပြောကြားပြီး လုပ်ငန်း လိုင်စင်(၉)ခုအား လေလံ ရောင်းချခဲ့သည်။

ဆင်ပေါင်ဝဲမြို့တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်အခွင့်အရေးလိုင်စင် (၅၅)ခုအား ငွေ ကျပ်သိန်း (၇၀၀)လျာထား၍ လေလံရောင်းချရာတွင် သက်တမ်းတိုး(၁၆)ခု၊ ဈေးပြိုင် (၄)ခုကို ငွေကျပ်သိန်း(၄၄၀.၄၅) ဖြင့်ရောင်းချခဲ့ပြီး ကျန်ရှိသည့်လိုင်စင်များမှလိုင်စင်(၉)ခုအား အခြားနည်းဖြင့် ရောင်းချခြင်းဖြစ်ကြောင်း လေလံ ရောင်းချပွဲ ဥက္ကဋ္ဌ ဦးစောသိန်းဦး ထံမှ သိရသည်။

အိဖြူဖြူမောင်(ပြန်/ဆက်)