ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုအား ယမန်နေ့ ညနေ ၄ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ မြို့မစည်ပင် သာယာဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ် ဦးစီဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ဈေးအတွင်းရှိရေကန်များ မှတဆင့် အပေါ့စားမီးစက်ဖြင့် မီးငြိမ်းသတ်မှု သရုပ်ပြခြင်း၊ မီးသတ်ကားဖြင့် မီးငြိမ်းသတ်မှု သရုပ်ပြခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်မှု သရုပ်ပြခြင်းတို့အား ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြိုနယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၊ မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)