ကျိုက်လတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile library ဖြင့် စာအုပ်များ ငှားရမ်းပေးလျက်ရှိ

ကျိုက်လတ်    ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုအနေဖြင့် ပြည်သူများစာပေ ဖတ်ရှုလေ့လာခွင့်ရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်နှင့်အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ဌာနဆိုင်ရာရုံးများသို့ Mobile library ဖွင့်လှစ်၍စာအုပ်များ ငှားရမ်းပေးခြင်းကိုဆောင် ရွက်လျက်ရှိရာယနေ့  နံနက်(၁ဝ)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ Mobile library ဖွင့်လှစ်၍ စာအုပ်များငှားရမ်းပေးရာတွင်စာဖတ်ပရိသတ်များအား သုတစာအုပ်များ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္တု စာအုပ်များနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် စာအုပ်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး  တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အပတ်စဥ်လဲလှယ် ငှားရမ်းပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

ဌေးဌေးလှိုင်