သာယာဝတီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်

သာယာဝတီ ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ အကာအကွယ် Mask တပ်ဆင်သွားလာရေး Mask Campaign ကို ယနေ့ နံနက် ၈ နာရီက မြို့နယ် အတွင်းရှိ လူစည်ကားရာ နေရာများတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ Mask Campaign တွင် သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်အောင်ဇော်နှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်အတွင်းရှိ အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်နှင့် အညီ မြို့မစျေးကြီး အတွင်း၊ အပြင်တွင် စျေးရောင်းချနေသော စျေးရောင်းစျေးဝယ် ပြည်သူများအနေဖြင့် ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှသာ သွားလာကြရန်နှင့် စျေးလမ်းရှိ လူစည်ကားရာနေရာများတွင် လည်း နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်သွားလာရန် အသိပညာပေးပြီး နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန့်ဇော်