နတ်မောက်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့စဉ် ပြုလုပ်ပေး

နတ်မောက် ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူ များအား ပန်းခင်းစီမံချက်ဖြင့် မြို့နယ်ဦးစီးမှုးရုံးတွင် နေ့စဉ်ပြုလုပ်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အောက်တိုဘာလ(၁)ရက်နေ့က နတ်မောက်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများမှ နိုင်ငံသားစိစစ်ရေးကတ်များ လာရောက်ပြုလုပ်ကြရာတွင် ၆(က)ဖြင့် ပြုလုပ်သူ ကျား(၇)ဦး၊ မ(၅)ဦး၊ လဲလှယ်သူ ကျား(၁၇)ဦး၊ မ(၁၈)ဦး၊ မိတ္တူ ကျား(၉)ဦး၊ မ(၂)ဦး စုစုပေါင်း (၅၈)ဦးအား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်၊ အုပ်စု(၇၃)အုပ်စု ကျေးရွာပေါင်း(၂၃၄)ရွာရှိပြီး အဆိုပါရပ်ကွက်/ ကျေးရွာများရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များကို  မတ်လ(၃) ရက်နေ့မှ အောက်တိုဘာလ (၁) ရက်နေ့အထိ  နိုင်ငံသားစိစစ်ရေးကတ် စုစုပေါင်း(၃၉၂၉)ဦး၊ အိမ်ထောင်စု လူဦးရေစာရင်း (၈၀၅)ဦး ပြုလုပ်ပေးပြီးဖြစ်ကြောင်း မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးမျိုးတင့်ထံမှ သိရသည်။

သင်းသင်းမြတ်(နတ်မောက်)