ကျိုက်လတ် ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီး မှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက်ယမန်နေ့ နံနက်၁၀ နာရီက ကိုင်းချောင်းကျေးရွာအုပ်စုတွင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဒုလဝကမှူး ဦးတင်ထွန်းဝေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီကိုင်းချောင်းကျေးရွာအုပ်စုရှိ ၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၁၀)ဦး၊၁၀နှစ်ပြည့်နှင့် ၁၈နှစ်ပြည့်လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း(၁၉)ဦးနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးမိတ္တူ ထုတ်ပေးမှု ပေါင်း(၁၀)ဦး၊ စုစုပေါင်း (၃၉)ဦး အားနေ့ချင်းပြီးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။
ဌေးဌေးလှိုင်