မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ရှိ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကမ္ဘာ့ကပ်ရောဂါ Covid -19 ကြောင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးကဏ္ဍအပေါ် ချေးငွေထုတ်ချေးပေး

ချောက် ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ရှိ တောင်သူလယ်သများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ၊ ချောက်မြို့မှ ကမ္ဘာ့ကပ်‌ရောဂါCovid-19ကြောင့် လယ်ယာကဏ္ဍထိခိုက်နစ်နာမှုများ ရှိသည့်အတွက် တောင်သူများ အဆင်ပြေစေရန်  ဇွန်လ ၂၅ ရက်နေ့ကတင်စ၍ နိုင်ငံတော်အစိုးရက ချေးငွေများထုတ်ချေးခဲ့ရာ ယနေ့ နံနက်တွင် ရသစ် ကျေးရွာအုပ်စုတွင် ထုတ်ချေးခဲ့သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ချောက်မြို့မှတစ်ဧကလျှင် ငွေကျပ် ၅၀၀၀၀နှုန်း ထုတ်ချေးရာ‌ ချောက်မြို့နယ်ရှိ ကျေးရွာ အုပ်စု ၂၇စု ၊ တောင်သူပေါင်း ၄၇၂၁ ဦး၊ ဧကပေါင်း ၂၇၈၈၇ ဧက၊ ငွေကျပ် ၁၃၉၄၃ ဒသမ ၅၀သိန်းကို ထုတ်ချေးပြီး ကြောင်း ယနေ့တွင် ရသစ်ကျေးရွာအုပ်စု တောင်သူပေါင်း ၃၈၉ဦး၊ ဧကပေါင်း ၂၂၁၆ ဧက၊ ငွေကျပ် ၁၁၀၈ သိန်း အား ထုတ်ချေးသွားမည်ဖြစ်သည် ဆက်လက်၍လည်း ကျန်ရှိနေသေးသည့် ကျေးရွာ ၂၂ အုပ်စုကိုလည်း ၂၀၂၀ ခု နှစ် စက်တင်ဘာလအတွင်း ပြီးစီးအောင်ထုတ်ချေးမည်ဖြစ်သည်။ ထိုသို့ချေးငွေ ထုတ်ချေးခြင်းသည် လယ်ယာကဏ္ဍ ထိခိုက် နစ်နာမှုအတွက် Covid -19 Special Relief Loan အဖြစ် ပံ့ပိုးထုတ်ချေးခြင်းဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေး ဘဏ်၊ မြို့နယ်ဘဏ်ခွဲ၊ ချောက်မြို့ တာဝန်ရှိ‌‌သူပြောကြားချက်အရသိရသည်။

 ကျော်မိုး(ပြန်/ဆက်)