ကန့်ဘလူမြို့နယ်၌ အသက် ၄၅ နှစ်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးနှံပေး

ကန့်ဘလူ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဦးစားပေး အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၁ ရက်နံနက် ၈ နာရီကစတင်၍ အသက် ၄၅ နှစ်အ ထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကို ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ ဆေးရုံ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အ ညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးလျက်ရှိသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဂန်ရှိသူများနှင့် စေတနာ့ဝန်ထမ်း များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်- ၁၉ ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများသည် ပြီးခဲ့သည့် နိုဝဂ်ဘာလ ၁ ရက် က ပထမ အကြိမ်အဖြစ် ထိုးနှံထားသူများဖြစ်ပြီး ယခု ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ကန့်ဘလူမြို့နယ်တွင် အသက် ၁၈ နှစ်အထက်ပြည်သူများနှင့် အခြေခံပညာကျောင်းများမှ အ သက် ၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအပါအဝင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု အနေဖြင့် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၄၃၆၆၁ ဦးရှိပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၂၆၆၄၁ ဦးရှိပြီဖြစ်ရာ ရာခိုင်နှုန်းအနေဖြင့် ၁၈ ဒသမ ၀၃ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)