မြေပုံ ဒီဇင်ဘာ ၁
ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မြေပုံမြို့နယ် အငူရွာသစ်ရှိ တိုက်ပွဲရှောင်စခန်း၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်သန်းစိုး ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များက ဟောပြောကြသည်။
အဆိုပါ ဟောပြောပွဲတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မီးသုံးစွဲမှု၊ မီးဘေးအန္တရာယ်ကင်းဝေးစေရန် လောင်စာသိုလှောင်ထားရှိမှု စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးများကို ဟောပြောကြသည်။
ဆက်လက်ပြီး တိုက်ပွဲရှောင်စခန်းဝင်းအတွင်းရှိ ရှေးဦးမီးငြိမ်းသတ်နိုင်ရေး ပစ္စည်းများဖြစ်ကြသည့် ရေအိတ်၊ သဲအိတ်၊ မီးသတ်လှေကား၊ မီးသတ်ချိတ်၊ မီးကပ်ပြားနှင့် မီးသတ်ဆေးဗူးများ စနစ်တကျ ကြိုတင်ကာကွယ်ထားရှိခြင်း၊ မီးသတိပေးဆိုင်းဘုတ်များအား စိုက်ထူခြင်း စသည့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် အကြံပြုစကားများ မှာကြားသည်။
ဝင်းမင်းစိုး