မြင်းမူ ဒီဇင်ဘာလ ၁
စာအုပ်စာစောင်ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ စုပေါင်း၍ ဒို့ကျေးရွာ ဂျာနယ် စာဖတ်ဝိုင်းကို ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်က မြင်းမူမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာ ကြည့်တိုက် တွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဦးနေလင်းအောင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်ပါတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာပေဝါသနာရှင် ဦးစိုးစံက ဒို့ကျေးရွာဂျာနယ်စာစောင်ပါ မိသားစုဝင်ငွေတိုး ပွားစေရန် မုံညင်းစနစ်တကျ စိုက်ပျိုးနည်းအကြောင်း၊ စာပေဝါသနာရှင် ဦးပြည့်စုံက ထွက်နှုန်း ကောင်၍ စျေးကွက် ဝင်သော ကန်စွန်းဝါး စိုက်ပျိုးနည်းအကြောင်း၊ စာပေဝါသနာရှင် ဦးမြင့် အောင်က ငါးမြစ်ချင်းမွေးမြူရေး အကြောင်း သိကောင်းစရာများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက အသီးသီး ပြန်လည်ဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စာဖတ်ဝိုင်းများ၊ ပုံပြောပြိုင်ပွဲများ၊ Talk Show ဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)