စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြန်အောင်မြို့နယ် ကနောင်မြို့ မဟာလောကမုနိန်မာရဇိန်ဘုရားကြီးနှင့် လေးထပ်ရုပ်စုံတံကဲကြီးအား လာရောက်ဖူးမြော်ကြည်ညို

မြန်အောင်    ဒီဇင်ဘာ     ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများသည် ယမန်နေ့ ညနေက မြန်အောင်မြို့နယ် ကနောင်မြို့ရှိ မဟာလောကမုနိန်မာရဇိန်ဘုရားကြီးနှင့် လေးထပ်ရုပ်စုံတံကဲကြီးအား လာရောက်ဖူးမြော် ကြည်ညိုပြီး ရှေးမူမပျက် ပြင်ဆင်ထိန်းသိမ်းရေး ကြည့်ရှူခဲ့ကြသည်။

ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သူရိန်ထွန်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်တို့နှင့်အတူ ကနောင်မြို့ရှိ မဟာလောကမုနိန်မာရဇိန်ဘုရားကြီးနှင့် လေးထပ်ရုပ်စုံ တံကဲကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွေးတိုင်တို့ဖြင့် ပူဇော်ကန်တော့ပြီး မဟာလောက မုနိန်မာရဇိန်ဘုရားကြီးနှင့် လေးထပ်ရုပ်စုံ တံကဲကြီးအား လှည်လည်ဖူးမြော်ကြည်ညိုရာ ဘုရားသမိုင်းအား ဦးသိန်းဆန်း(စာရေးဆရာကနောင် မောင်ဆန်းသစ်)က လိုက်လံရှင်းလင်း ပြောကြားခဲ့သည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့သည် မဟာလောကမုနိန်မာရဇိန်ဘုရားကြီးနှင့် လေးထပ်ရုပ်စုံတံကဲကြီးအား အစဉ်အဆက် ရှေးမူလက်ရာမပျက် ထိန်းသိမ်းစောင့်ရှောက်လာသည့် ကနောင်မြို့ဘုရားကြီး ကျောင်းတိုက်ဆရာတော် ဥူးရေဝတအား ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဝင်းဗိုလ် (မြန်အောင်)