ဆိပ်ဖြူ နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီ၊ ဆိပ်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေးမီးဘေးအန္တရာယ် လုံခြုံရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့သည်။
မြို့နယ်စည်ပင်းသာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေးတွင် ဒေသခံပြည်သူများက လူသုံးကုန်၊ ဆေးဝါး၊ အစား အစာရောင်းချသည့် ဆိုင်ခန်းပေါင်း (၂၂၀)ခန်း၊ ဒေသထွက်ကုန် အသီးအနှံနှင့် အသားငါးရောင်းချသည့် ပျံကျဈေးသည် (၁၇၀) ဦးခန့် ဈေးရောင်းဈေးဝယ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မီးဘေးအန္တရာယ် ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်အေးနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မီးဘေးအန္တရာယ်လုံခြုံရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပစ္စည်းများ ပြည့်စုံစွာ ဆောင်ရွက်ထားရှိမှုနှင့် လျှပ်စစ်ဝါယာ ကြိုးများ စနစ်တကျ သွယ်တန်းထားခြင်းရှိ/မရှိကိုလည်းကောင်း၊ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက မီးသတ်ယာဉ်များ ဝင်ထွက်သွားလာ ဆောင်ရွက်နိုင်မှု အခြေအနေများ ကွင်းဆင်းစစ်ဆေးရာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမင်းစည်သူက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက လုပ်ဆောင်ရမည့် လုပ်ငန်းရပ်များကို ရှင်းလင်းတင်ပြပေးပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဈေးသူ/ဈေးသားများအား မီးဘေးအန္တရာယ် လုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ (အညာမြေ)