သံဖြူဇရပ်မြို့နယ် အမှတ်(၂)စက်မှုအကြီးစား လုပ်ငန်း၊ ရာဘာ​ခြံ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်

သံဖြူဇရပ်      နိုဝင်ဘာ        ၂၇

နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို မွန်ပြည်နယ်  သံဖြူဇရပ်မြို့နယ်၊   အမှတ်() စက်မှုအကြီးစားလုပ်ငန်း၊   ရာဘာခြံ၌မြို့နယ် ဦးစီးအရာရှိ  ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများက "'လူမှုဘဝပြည့်စုံဖို့    နိုင်ငံသားကတ်ကိုင် ကြစို့''ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်  ကိုင်ဆောင်သင့်သော   ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးကို  ယမန်နေ့ နံနက်ပိုင်းက နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးသည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ  ဆောင်ရွက်ပေးပြီး အသက် ၁၀နှစ်အထက် နိုင်ငံသားကတ် ကိုင်ဆောင်မှု   (က) တွင် ကျား()ဦး၊မ()ဦးအသက် ၁၈နှစ် နှင့်အထက် နိုင်ငံသား ကတ်ကိုင်ဆောင်မှု (ကတွင်  ကျား (၁၀)ဦး၊ (၁၀)ဦး အသက် ၁၀ နှစ်မှ ၁၈ နှစ်ပြည့် လဲလှယ်တွင် မ()ဦးနှင့် ပျောက်ဆုံး၊ ပျက်စီးထုတ်ပေးခြင်းတွင် ကျား()ဦး၊မ()ဦးတို့အား ကတ်အမျိုးမျိုး ဆောင်ရွက်ပေးလျက်ရှိရာ စုစုပေါင်း(၄၂)ဦးအား နိုင်ငံသား  စိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အေးအေးမွန်  (ပြန်/ဆက်)