မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲကျင်းပပြုလုပ်

မြင်းမူ    နိုဝင်ဘာ ၂၇

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျရောက်မည့်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ယမန် နေ့က  စစ်ကိုင်းခရိုင်၊  မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ခဲ့ရာ စာပေဝါရှင်များ တက်ရောက်ကြည့်ရှုလေ့လာခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဦးနေလင်းအောင်က စာအုပ် စာစောင်များ ခင်းကျင်းပြသပေးရသည့် ရည်ရွယ်ချက်၊ စာဖတ်သူအကြိုက် သုတ/ရသ စာအုပ်များကို ရွေးချယ်ကြည့်ရှု လေ့လာစေပြီး မိမိစိတ်ကြိုက်စာအုပ်စာစောင်များကို စာပေအမြည်းအဖြစ် ဖတ်ရှုစေရန်ဖြစ်ကြောင်း၊ သို့မှသာမိမိဖတ်ရှု့လိုသည့် စာအုပ်စာစောင် များကို  မိမိတို့ပြန်/ဆက်ဦးစီးဌာန စာကြည့်တိုက်တွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက်   အလွယ်တစ်ကူ ငှားယူနိုင်မည်ဖြစ်၍များစွာ အကျိုးရရှိနိုင်ကြောင်း အသိပညာပေး ပြောကြားသည်။

ယင်းနောက် ပြည့်သူ့စာကြည့်တိုက်အတွင်း   ခင်းကျင်းပြသထားသည့်    သုတ/ရသစာအုပ် (၁၂၀)အား စာပေဝါသနာရှင်များက စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)