မောင်တော နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့ပေါ်ရှိ ဈေးဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေးခြင်းကို နိုဝင်ဘာ ၂၆ ရက်နေ့ နံနက် ၉ နာရီ အချိန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး အောင်နိုင်ဖြိုး ဦး ဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မြို့မအရှေ့ရပ်ကွက် နှင့် အနောက်ရပ်ကွက် လမ်းမကြီး တစ် လျှောက်ရှိ ဈေးဆိုင်များအား မီးဘေး လုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ရာ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေး နှင့် မတော်တဆမီးလောင်မှု ဖြစ်ပွားပါကလည်း ၊ မီးလောင်ဆုံးရှုံးမှု လျော့နည်း စေရေး အတွက် အသုံးပြုလျှက်ရှိသည့် လျှပ်စစ်ဝါယာကြိုးများအား စနစ်တကျ သွယ်တန်း တပ်ဆင် အသုံးပြုကြရန် ၊ လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းနေပါက တတ်ကျွမ်းနားလည်သူများ နှင့် အသစ်လဲလှယ် တပ်ဆင်ပြီး အသုံးပြုကြရန် ၊ ဈေးဆိုင်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ ရှေးဦး မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး အကြုံပြု ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ခရိုင် ပြန်/ဆက်)