မာန်အောင်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မာန်အောင်  နိုဝင်ဘာ ၂၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်(၁၁)နာရီတွင်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊စံကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား/သူများ၊လမ်းသွား လမ်းလာသူများအား၂၀၂၁ ခုနှစ် နိုဝင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ် မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များကိုအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ကျောင်းသားလူငယ်၊လူရွယ်များနှင့်ပြည်သူများအနေဖြင့် ဝံသာနုရက္ခိတ ရှင်သန်ခိုင်မာရေး၊မျိုးရိုးဇာတိ မပျောက်ပျက်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး၊အမျိုးသားရေး အားမာန် အပြည့်ဖြင့် စောင့်ရှောက်ကာကွယ်ကြရန်၊ အမျိုးသားရေး စိတ်ဓာတ်ရှင်သန်စေရန်၊ မျိုးချစ်စိတ်ဓာတ်ကို အရင်းခံသည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်ချက်များဖြင့်  ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင်  အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသား ပညာရေး၊အမျိုးသားရေးစိတ်ဓာတ်၊မိန့်ခွန်းကောက်နုတ်ချက်များ ၊ ကဗျာ၊ ဆောင်ပုဒ်များနှင့် အမျိုးသား အောင်ပွဲနေ့ပေါ်ပေါက်လာပုံသမိုင်း ​အကြောင်းအရာတို့ကို အများပြည်သူ ဗဟုသုတရရှိစေရန် ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)