ညောင်တုန်း ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေး လုပ်ငန်းစဉ်များအဖြစ် မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက မှုခင်းကျဆင်းရေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်းကို လမ်းမတော် လမ်းမကြီးဘေးနှင့် အမှတ်(၃)ရက်ကွက်၊ အာဇာနည်ပန်းခြံ အနီးတို့၌ စိုက်ထူခဲ့သည်။
အဆိုပါ မှုခင်းကျဆင်းရေး ဗီနိုင်းပိုစတာစိုက်ထူခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့မရဲစခန်းမှ ဒုတိယရဲမှူးတင်မောင်နှင့် ရဲတပ်ဖွဲ့ဝင်များမှ စိုက်ထူပေးပြီး ခရီးသွားလာနေသည့် ပြည်သူများအား မှုခင်းကျဆင်းရေး အတွက် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)