ဇီးကုန်းမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ဇီးကုန်း  နိုဝင်ဘာ ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား” လက်ကမ်းစာစောင်များကို အများပြည်သူများ နေ့ထူးနေ့မြတ်များအကြောင်း သိရှိလေ့လာနိုင်ရန်နှင့် ဗဟုသုတရရှိနိုင်စေရန် ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယနေ့နံနက်က မြို့နယ်အတွင်းရှိ ရုံးဌာနများ၊ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများကို အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့သည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်သော “(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့” အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်တွင်  (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၁-၄-၂၀၂၁) ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံ ပြောကြားသည့် အမှာစကား ကောက်နှုတ်ချက်၊ အေးအတူပူအမျှ၊ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသား ပညာရေး၊ ရန်ကုန်ယူနီဗာစတီအက်ဉပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန် ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ ဘုန်းရှင့်မြန်မာ တို့မြန်မာ ကဗျာစသည့် အကြောင်းအရာများနှင့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက် သော ဆောင်ပုဒ်များပါဝင်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)