ညောင်တုန်း ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံတော်အရေးပေါ်ရိက္ခာ စားအုန်းဆီများအား ခရိုင်အလိုက် ရန်ကုန်မြို့မှ သယ်ယူလျက်ရှိရာ မအူပင်ခရိုင်အတွက် အရန်ရိက္ခာ စားအုန်းဆီ ၂၂၂.၅ တန်အား ညောင်တုန်းမြို့နယ်သို့ ရောက်ရှိရာ ခရိုင်၊ မြို့နယ် သယ်ယူ၊ သိုလှောင်ထိန်းသိမ်းရေး အဖွဲ့များမှ ယမန်နေ့ နံနက် ၈ နာရီက မြို့နယ် အားကစား ခန်းမ၌ စနစ်တကျ စစ်ဆေးလက်ခံ ပေးခဲ့သည်။
အဆိုပါ ရောက်ရှိလာသော အရန်ရိက္ခာ စားအုန်းဆီများအား ခရိုင်သယ်ယူ၊ သိုလှောင် ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်သယ်ယူ၊ သိုလှောင်ထိန်းသိမ်းမည့်အဖွဲ့တို့မှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသူရိန်၊ စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးသန်းကျော်တို့က စနစ်တကျ သိုလှောင်ထားရှိရန် ဆောင်ရွက်ပေးခဲ့ပြီး အရေးပေါ်ကာလ အခြေအနေများတွင် မအူပင်ခရိုင်အတွင်းရှိ ပြည်သူများအား အရန်ရိက္ခာ ပြတ်လတ်မှုမရှိစေရန် ဖြန့်ဝေပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)