သာယာဝတီ သြဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အင်းရွာတောင်သူလယ်သမား သင်တန်းကျောင်းခန်းမ၌ အကျိုးဆောင် တောင်သူဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က အဖွင့်အမှာစကားပြောကြားကာ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းအောင်ဆန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ သြဂုတ်လ(၂၀)ရက်မှ (၂၅) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး လယ်ယာကဏ္ဍများ၊ သီးနှံကာကွယ်ရေးဆိုင်ရာများ၊ မျိုးစေ့ ဆိုင်ရာမူဝါဒများ၊ မြေဆီလွှာ ဖွံ့ဖြိုး ရေး ဆိုင်ရာများ၊ ဆည်ရေဆိုင်ရာများ၊ မွေးမြူရေးနှင့်ကုသရေးဆိုင်ရာများ၊ နိုင်ငံရေးမူဝါဒများအား စိုက်ပျိုးရေး၊ မွေးမြူရေး ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ (၁၁)ဌာနမှ သင်တန်းဆရာ၊ ဆရာမများမှ ပို့ချသွားမည်ဖြစ်ပြီး သာယာဝတီခရိုင် အတွင်းရှိ မြို့နယ် (၈) မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)