စစ်ကိုင်း နိုဝင်ဘာ ၂၆
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ (၁၀၁)နှစ်မြောက်၊ အမျိုးသား အောင်ပွဲနေ့အကြို သုတ/ ရသ စာအုပ်/ စာစောင်ပြပွဲကို စစ်ကိုင်းခရိုင် လူထုအခြေပြု ဗဟိုဌာနရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်အတွင်း ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
စာအုပ်ပြပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အိသက်ခိုင်က စာအုပ်၊ စာစောင်ပြပွဲ ကျင်းပပြုလုပ် ရခြင်းနှင့် ပတ်သက်၍ ရှင်းဆွေးနွေးပေးပြီး အသစ် ရောက်ရှိလာသည့် သုတ၊ ရသစာအုပ်များ၊ ဂျာနယ်စာစောင်များ၊ မဂ္ဂဇင်းစာအုပ်များကို ခင်ကျင်း ပြသရာ ပြည်သူများလာရောက် လေ့လာကြည့်ရှုခဲ့ကြသည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ လျော့ နည်း လာသည်နှင့်အမျှ ပြည်သူများ အသိပညာဗဟုသုတများ ရရှိနိုင် စေရန် စာအုပ်များငှားရမ်းခြင်း၊ စာအုပ်/ စာစောင်များပြသပေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသိပညာပေးလုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်