အိမ်မဲ နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့မစျေးကြီးအတွင်း မီးဘေးလုံခြုံရေးအတွက် တာဝန်ရှိသူများက နိုဝင်ဘာလ ၂၆ ရက်နံနက်ပိုင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့စစ်ဆေးရာတွင် အိမ်မဲမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ မီးသုံးစွဲကြသောစျေးဆိုင်များ (လဖ္ဘက်ရည်ဆိုင်၊ ခေါက်ဆွဲ၊ မုန့်ဟင်းခါးဆိုင် ၊ထမင်းကြော်ဆိုင်)၊ လျှပ်စစ်မီးသုံးဆွဲကြသော စျေးဆိုင်များအား မီးသုံးစွဲမှု စနစ်တကျ ရှိ/ မရှိနှင့်မီးငြိမ်းသတ်မှုတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)