ရန်ကုန် ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀) ရပ်ကွက်ရှိ ပဒေသာဈေး ၌ ကိုဗစ်-၁၉ ကာလ နှာခေါင်း စည်း (Mask) တပ်ဆင်၍ သွားလာရန် အသိပေးနှိုးဆော်ခြင်းကို ဩဂုတ်လ ၁၉ ရက်နေ့ နံနက် (၁၀)နာရီအချိန်က လက်ကိုင်အသံချဲ့ စက်များဖြင့် လှည့်လည်၍ အသိပေး နှိုးဆော်ခဲ့သည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် ရပ်ကွက်ကျန်းမာရေးတာဝန်ခံ ဒေါ်တင်နွဲ့အေး၊ ပဒေသာဈေး တာဝန်ခံ နှင့် စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အမှတ်(၁၀)ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးမျိုးကြည်နှင့် အဖွဲ့ဝင် များ ပူးပေါင်း၍ ပဒေသာဈေးရှိ ဈေးဝယ်သူများနှင့် ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ကာလ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များအပြင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံမှုမရှိစေရေး နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန် ဈေးအတွင်း လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်မှုများ ပါရှိသည့် လက်ကမ်းစာစောင် များကိုလည်း ဈေးရောင်းသူများနှင့် ဈေးဝယ်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေထက်အောင်