ချောက်မြို့မစျေး၌ မီးဘေးလုံခြုံရေး လျှပ်စစ်ဒါးမိန်းများအား လှဲလှယ်ရန်စစ်ဆေး

ချောက် နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်မြို့မစျေး ဝါယာရှော့ကြောင့် မီးလန့်မှု၊ မီးလောင်မှုများ ဖြစ်ပွားမှု မရှိစေရေးအတွက် ယမန်နေ့ညနေက မြို့မဈေးအတွင်းရှိ လျှပ်စစ်ပင်မမိန်းခုံ၊ လျှပ်စစ်မီတာ အားလုံးတို့တွင် ထားရှိသည့် ဒါးမိန်းများအစား ဝါယာရှော့ဖြစ်လျင် လျှပ်စစ်ဓါတ်အား ဖြတ်ချနိုင်ရေး‌ အတွက် ကောင်းမွန်သော ဘရေကာ (Safety Breaker) ခံ၍သုံးပြုနိုင်ရန် မီးဘေးလုံခြုံရေး ကြိုတင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်မှုကို မြိုနယ်စည်ပင်အမှုဆောင်အရာရှိ ဦးနေမန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထက်အောင်နိုင်နှင့် ဝန်ထမ်းများ၊ မြို့မစျေးတာဝန်ခံတို့က မြို့မစျေးကြီးအတွင်း လျှပ်စစ်ဝါယာရှော့ဖြစ်ပေါ်ပါက လျှပ်စစ်ဓါတ်အား အချိန်မှီဖြတ်ချနိုင်ရေး‌အတွက်ကောင်းမွန်သော (Safety Breaker) ဘရေကာများ ကြိုတင်လှဲလှယ် တပ်ဆင်သွားရန် စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ချောက်မြို့မစျေးတွင် စျေးရုံ(၂၈)ရုံ၊ ဆိုင်ခန်းပေါင်း (၁၂၃၃)ခန်းရှိပြီး စျေးအတွင်းရှိ လျှပ်စစ်ပင်မမိန်းခုံနှင့် လျှပ်စစ်မီတာ(၉)လုံးတို့တွင်ရှိသည့် ဒါးမိန်းများအစား ကောင်းမွန်သော ဘရေကာ(Safety Breaker)များ လှဲလှယ်ဆောင်ရွက် သွားမည်ဖြစ်ရာ  လျှပ်စစ်ပင်မမိန်းခုံတွင်  (Safety Breaker) ဘရေကာ(၂)ခု၊ လျှပ်စစ်မီတာ(၉)လုံးတွင်(Safety Breaker) ဘရေကာ(၉)ခု လှဲလှယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)