မြန်အောင် နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့တွင် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် “အမျိုးသားနေ့ ” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင် ပွဲနှင့် ဆေးရောင်ခြယ်ကို ယနေ့နေ့လယ် ၁ နာရီက မြန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးတွင်ကျင်းပပြုလုပ်သည်။
အခြေခံပညာမူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို အ.မ.က တာကြီး တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
ထိုပြင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အကြို နံရံကပ် စာစောင်ပြသရာတွင် ၂၀၂၁၊ခုနှစ် (၁၀၁)နှစ်မြောက်အမျိုးသားနေ့ ဦးတည် ချက်များ၊ အမျိုးသားအောင်ပွဲနေ့ အထမ်းအမှတ်ဆောင်ပုဒ်၊ အမျိုးသားပညာရေး၊ ရန်ကုန် ယူနီဗာစီတီအက် ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်းပြုကြသောကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့၊ အမျိုးသားရေးစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်စေရေးမှတ်တမ်းဓာတ်ပုံများအား အသိပညာပေးပြသ ထားကြောင်းသိရသည်။
မြို့နယ်ပြန်ဆက်