ဘိုကလေး နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်(၁၁)နာရီ၌ ဘိုကလေးမြို့ပေါ်မှ အခြေခံပညာကျောင်းများ အရောက်(၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များအား အခမဲ့ အသိပညာပေး ဖြန့်ဝေခဲ့သည်။
ဖြန့်ဝေရာတွင် ကျောင်းသား/သူများအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်နိုးကြားစေရေး၊ မျိုးချစ် စိတ်ဓာတ်ကို အရင်းခံသည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန် ထက်မြက်ရေးတို့ကို ရည်ရွယ်၍ ဖြန့်ဝေ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သတ်၍ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမှာစကား ကောက်နုတ်ချက်၊ အမျိုးသားရေး စိတ်ဓာတ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များအား ပြည်စုံစွာထည့်သွင်း အသိပညာပေးထားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ၏ လက်ဝယ်အရောက် လက်ကမ်းစာစောင် အစောင်ရေ(၂၅၀)အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)