ဓနုဖြူမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ ကျင်းပ

ဓနုဖြူ        နိုဝင်ဘာ       ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ Community Centre ခန်းမတွင် ယနေ့၊ နံနက်(၁၀)နာရီအချိန်က အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲတွင် သုတ၊ရသစာအုပ်များအား ခင်းကျင်းပြသခြင်းနှင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များအား အထ.က(၂)ရွှေကူမှ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား ဖြန့်ဝေခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)