အင်္ဂပူမြို့တွင် ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီးမီးလောင်မှုဖြစ်ပွား

အင်္ဂပူ နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့၊ အမှတ်၁ရပ်ကွက်၊ခိုင်ရွှေဝါ ၁ လမ်းနေ ဦးအေးထွန်းနေအိမ်၌ နံနက် ၁၀နာရီ၂၅မိနစ်အချိန်ခန့်က‌ နေအိမ်အပေါ်ထပ်အိပ်ခန်းတွင် ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲပြီး  မီးစတင်လောင်ကျွမ်းခဲ့ ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှူဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးတင်‌မောင်ထွေး ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များမှ ရေသယ်ယာဉ်၁စီး၊ မီးငြိမ်သတ်ယာဉ်၃စီး ၊မြို့နယ် စည်ပင်သာ ယာရေးအဖွဲ့မှ အမှူဆောင်အရာရှိ ဦးဆောင်သော ဝန်ထမ်းများနှင့်ရေသယ်ယာဉ်(၁)စီး စုစု‌ပေါင်း ရေသယ်ယာဉ် (၂)စီး၊ မီးငြိမ်းသတ်ယာဉ်(၃)စီးနှင့် ပြည်သူများမှ စု‌‌ပေါင်းမီးငြိမ်းသတ်ခဲ့ရာ ၁၀နာရီ၃၈မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင် ခဲ့ကြောင်းသိရသည်။

မီးလောင်မှုကြောင့် ဦးအေးထွန်း‌၏ သွပ်မိုး၊ပျဉ်ထောင်၊ ပျဉ်ခင်းနှစ်ထပ်လူနေအိမ်မီးလောင်ဆုံးရှုံးခဲ့ပြီး လူ၊ တိရိစ္ဆာန် ထိခိုက် သေဆုံးမှု မရှိကြောင်းသိရသည်။

 

မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)