ငပုတော နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အများပြည်သူများ သိရှိနိုင်စေရန်နှင့် နိုင်ငံတော်၏ သမိုင်းဝင် နေ့ကြီးရက်ကြီးများအား သိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများနှင့် လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန် ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ (၁၁.၄.၂၀၂၁)ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်များ၊ ၂၀၂၁ ခုနှစ် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ အစရှိသည်တို့ ထည့်သွင်းဖော်ပြ ထားကြောင်းသိရသည်။
နုနုအေး