ရန်ကုန် ဩဂုတ် ၂၁
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲဆန္ဒရှင်စာရင်း များကို ဇူလိုင်လ(၂၅) ရက် နေ့မှစ၍ ဩဂုတ်လ(၇)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အတွင်းရှိ ရပ်ကွက်(၁၉) ရပ်ကွက်၌ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများမှ ရပ်ကွက်အလိုက်၊ လမ်း အလိုက်၊ နယ်မြေအလိုက် ပထမအကြိမ် ကပ်ထားခဲ့ပြီး ထပ်မံ၍ မဲဆန္ဒရှင်များ လိုအပ်သည့်တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများကို ဆောင်ရွက်ရန်အတွက်ကို ဩဂုတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ(၇)ရက် ထပ်မံတိုးမြှင့်ကြေညာထားခဲ့သည်။
ထိုသို့ကြေညာထားရာ သာကေတမြို့နယ်တွင် အိမ်ထောင်စုပေါင်း (၁၉၂၃၆)စုရှိကာ မဲစာရင်း လာရောက် စစ်ဆေးကြည့်ရှု သူပေါင်း (၅၆၁၂၀)ဦးရှိပြီး မဲစာရင်းတွင် မိမိအမည်မပါဝင်သဖြင့် ပုံစံ(၃)ဖြင့် မဲစာရင်းပေးရန် လျှောက်ထားသူ (၇၀၁၇)ဦး၊ မပါဝင်သင့်သူများ ပါဝင်နေသဖြင့် ပုံစံ(၄)ဖြင့်ကန့်ကွက်သူ (၁၀၆၃)ဦး၊ အချက်အလက်များ မှားယွင်းနေသဖြင့် ပုံစံ၄(ဂ)ဖြင့် ပြင်ဆင်သူ (၅၅၇၄)ဦးရှိကာ အဆိုပါ မဲဆန္ဒရှင်များအား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြင်ဆင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။
ကိုဘုန်း(ပြန်/ဆက်)