ကျိုက်ဒုံ ဩဂုတ် ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလမှာ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် နိုင်ငံတော်မှပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား တစ်အိမ်ထောင်စုလျှင် ငွေ (၂၀၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကျိုက်ဒုံဒေသအတွင်းရှိ အိမ်ထောင်စု (၁၁၆၅) စု၊ စုစုပေါင်းငွေ (၂၃၃) သိန်းဖြစ်ပြီး အဆိုပါ ထောက်ပံ့မှုများကို မြို့ပေါ်/ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များက ယခုလရက်သတ္တပတ်အတွင်း၌ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင်နေထိုင်သည့် ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုတစ်စုလျှင် ငွေ (၂၀၀၀၀) ကျပ်အားအိမ်တိုင်ရာရောက်သွားရောက်ပြီး လက်ဝယ်အရောက်ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်