သာယာဝတီ ဩဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံ ကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသထားလျက်ရှိရာ ပြည်သူများ လာရောက် ကြည့်ရှုကြကြောင်း သိရသည်။
အသိပညာပေး မြေစိုက်ပြဘုတ်၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော ကြေငြာချက်များ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ၊ မဲပေးနိုင်ရန်အတွက် သင့်အမည် မဲစာရင်းတွင် ပါဝင်မှုရှိရမည့် အချက်များ စသည့် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာများ ပြသထားကြောင်း ပြည်သူများ အလွယ်တကူ လာရောက် ဖတ်ရှုလေ့လာနိုင်ရန် ရည်ရွယ်၍ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)