ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရန် အသိပေး နှိုးဆော်ချက်များ ဆက်လက်ဆောင်ရွက်

ရေတာရှည် နိုဝင်ဘာ ၂၆

ပဲခူးတိုင်း​ဒေသကြီးတောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်  ပူးပေါင်းပါဝင်စေရန် အသိပညာပေး နှိုး​ဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ သည်။

ထိုသို့ အသိပညာ​ပေး တိုက်တွန်းနှိုး​ဆော်ရာတွင်  ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တားဆီးကာကွယ်နိုင်ရန်အတွက် လိုက်နာရမည့် အချက်များ၊ ကြိုတင်ရှောင်ရှားရမည့် အချက်များကို  သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ် ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်အတွက် အသိပညာပေး နှိုးဆော်မှုများကို မြို့အတွင်းလိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်အတွင်း၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး​​တွေ့လူနာ ထပ်မံ​တွေ့ရှိမှု/မရှိ​ကြောင်းနှင့် ယ​နေ့အချိန်အထိ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာ (၁၅၇၀)ဦးရှိပြီး ဆေးရုံဆင်း (၁၅၃၀)ဦး၊ ဆေးကုသမှုခံယူလျှက်ရှိသူ ()ဦး၊ သေဆုံး(၃၆)ဦး ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)