ပန်းတနော် နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်း စကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ အမျိုးသားအောင်ပွဲနေ့၊ အမျိုးသားရေးစိတ်ဓါတ်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန် ပြုလုပ်ကြသော ကျောင်းသားကြီး (၁၁)ဦး၊ ကဗျာ၊ ဆောင်ပုဒ်များ စသည့်အကြောင်း အရာများအား အစည်းအဝေးတက်ရောက်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)