နတ်တလင်း နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့မစည်ပင်သာယာစျေးရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အသိ ပညာပေးလုပ်ငန်းများကို ယနေ့ နံနက်(၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နတ်တလင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးကျော်သူထိုက် ဦးဆောင်၍ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးမိုးအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် စျေးကော်မတီဝင်တို့ ပူးပေါင်း၍ ပွင့်လင်းရာသီ အချိန်ကာလ ရောက်ရှိလာပြီဖြစ်သောကြောင့် မြို့မစျေးရှိ စားသောက်ဆိုင်များ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များ၊ ကုန်စုံဆိုင်များအား စစ်ဆေး ပြီး မီးချိတ်မီးကပ်နှင့် ဆက်စပ်ပစ္စည်းများ၊ မီးသတ်ဆေးဘူး ထားရှိမှုအခြေအနေ၊ ရေလှောင် ကန်များ ရေလုံလောက်မှုရှိ /မရှိ၊ စျေးဆိုင်တန်းများ စနစ်တကျ ရောင်းချခြင်းရှိ /မရှိတို့ကို ကွင်းဆင်း စစ်ဆေးပြီး မီးဘေးအန္တရာယ် လုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)